စစ်အာဏာရှင်
ကိုတိုက်ထုတ်ပြီးရင်၊ အစိတ်သားထွက်သွားရင် ပြီးပြီတို့။ တော်လှန်ရေး
ပန်းတိုင် ရောက်ပြီတို့။ ပြဿနာ တွေရှင်းပြီ တို့ ပြောနေသံတွေ ကြားရရင်
စိတ်ထဲမှာ မချင့်မရဲ ဖြစ်မိတယ်။ ကျနော့်အထင်က ပြဿနာ တွေက အဲဒီတော့ ကျမှ
စဖြေရှင်းရမှာ။
ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေး ရကတည်းက ပြည်ထောင်စုခွဲထွက်ရေး ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသားချင်း မုန်းတီးမှုတွေ၊ ၀ါဒအစွန်းရောက်မှုတွေ၊ နိုင်ငံရေးသမားတွေရဲ့ သစ္စာမရှိမှုတွေ ဟာ တစ်ခါတည်း တွဲပါလာခဲ့တာ။
ပြောရရင်တော့ ကျနော်တို့နိုင်ငံဟာ ပြဿနာပေါင်း သောင်းခြောက်ထောင် နဲ့ စခဲ့ရတယ် ဆိုတာပါ။
ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲ က ပွင့်ထွက်တော့မယ့် ကွဲထွက်တော့မယ့် ပြဿနာပေါင်း တစ်သောင်းလောက်ကို စစ်တပ်အုပ်ချုပ်ရေး ဆိုတာနဲ့ ဖုံးဖိအစားထိုးထားတာ။
အဲဒီ ဖုံးဖိထားတဲ့ စစ်တပ်အုပ်ချုပ်ရေး ကို ပြန်ဖယ်ခွာလိုက်မယ်ဆိုရင် မူလ ပြဿနာတွေ ပြန်ပေါ်လာမယ်။
ဖက်ဒရယ် ပြဿနာ၊ အာဏာခွဲဝေမှု ပြဿနာ၊ လူမျိုးစု ပြဿနာ၊ သမိုင်းရန်ကြွေး။ ခင်ဗျားတို့ နိုင်ငံရေးသမားတွေ ရှင်းကြဖို့ အသင့်ပြင်ထားပါ။ အဲဒါတွေက မူလလက်ဟောင်း နိုင်ငံတည်စ ပြဿနာတွေ။
အခုဆိုရင်ကို ဖေ့ဘုတ်ပေါ်မှာကို တိုင်းရင်းသားအချို့တွေရဲ့ ဗမာ မုန်းတီးရေး လှုပ်ရှားမှုတွေ ခပ်စိတ်စိတ်တွေ့လာနေရပြီ။
သူတို့ဟာ ဗမာ ဒီမိုသမားတွေလို စစ်အစိုးရဆိုတာကို အဓိက ဇောင်းတည် တိုက်ခိုက် ထားတာ မဟုတ်ဘူး။ ခုချိန်မှာ ဘယ်လိုမှ ဖြေရှင်းလို့ မဖြစ်နိုင်တော့မယ့် နှစ် ရာဂဏန်းက သမိုင်းရန်ကြွေးတွေကို ပြန်ဆွပြထားကြတယ်။
ပွင့်လင်းလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ တိုင်းရင်းသားအုပ်စုတွေထဲမှာလည်း
နိုင်ငံတာကာ ဆက်စပ်မှုအားကောင်းတဲ့ အီလစ် အလွှာတွေ သိသိသာသာ ဖြစ်ထွန်းလာတယ်။
တိုင်းရင်းသားအုပ်စုတွေရဲ့ နိုင်ငံရေး အရွေ့ကို အဲဒီအလွှာက လူတွေ
ဦးဆောင်ရွှေ့လိမ့်မယ်လို့ ယူဆရတယ်။ အဲဒီ အလွှာထဲက အချို့သော သူတို့ဟာ
သူတို့ရဲ့ အုပ်စု အင်အား တောင့်လာစေဖို့ ပဒေသရာဇ်စစ်ပွဲ
သမိုင်းကြောင်းတွေနဲ့ ဗမာ မုန်းတီးရေးကို ဦးတည်လိမ့်မယ်။ သို့မဟုတ် အဲသလို
ဦးတည်လာတာတွေကို ထင်ထင်ရှားရှားတွေ့လာနေရတယ်။
စစ်တပ်ဟာ အင်အားတောင့်တင်းပြီး ဖြစ်ပေမယ့် လူ့အခွင့်ရေးရေချိန်နဲ့ မီဒီယာ ပျံ့နှံ့မှုနှုန်း မြင့်တက်လာတဲ့ အခုလို ကာလမျိုးမှာ ခွဲထွက်ရေး တိုင်းရင်းသားသူပုန်တွေနဲ့ ရင်ဆိုင်ရတိုင်း အခက်ခဲတစ်ချို့တွေ ရှိလာတယ်။
နိုင်ငံရေးသမားတွေ အခရာ ကျတဲ့ ခေတ်ဟာ သိပ်မကြာခင်ကို ရောက်လာပါလိမ့်မယ်။ ဘယ်လိုနေမလဲ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ ကျနော့်ကတော့ (သာမန်လူဆိုတော့) နေ့ဖို့ ညစာ ရုန်းကန်ရှာဖွေစားရင်း စောင့်ကြည့်နေပါတယ် လို့ပဲ ပြောချင်တယ်။
အခု လတ်တလောမှာ ဖြစ်ပွားခဲ့တဲ့ Islamic vs Non-Islamic များ အဓိကရုဏ်းတွေဟာ အချို့လူတွေ စိုးရိမ်သလို တိုင်းပြည်ကို နောက်ပြန်လှည့်သွားစေမယ့် အန္တရာယ် မရှိဘူး။
ဒါဟာ နိုင်ငံတကာမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရေးခင်းမျိုးသာ ဖြစ်တယ်။ ဒီလို အရေးခင်းမျိုးကနေ တိုင်းပြည်နောက်ပြန်လှည့်သွားခဲ့ တယ်ဆိုတာ ကမ္ဘာမှာရော မြန်မာမှာရော ထုံးစံမရှိဘူး။
ဒါပေမယ့် ထုံးစံ ရှိတဲ့ ဟာကြီးတွေ အခု လာနေကြပြီ။
ဗမာအုပ်စုတွေက တော်တော်လေး အဓိက ကျနေတယ်။ အရင်တုန်းက ဗမာချင်းစကွဲရာကနေ တိုင်းရင်းသား များစွာပါ အကွဲ တွေ ဖြစ်လာပြီး ထိန်းမနိုင် သိမ်းမရ ဒုက္ခရောက်ခဲ့ရတယ်။
အရင်တုန်းကတော့ စကွဲတဲ့ ဗမာ အကွဲက ဗကပ နဲ့ ဗကပ မဟုတ်တဲ့ အုပ်စု၊
အခုကွဲနေကြတာက ဘာလဲ . . .
အခု ဖတ်နေတဲ့ သမိုင်းစာအုပ်ကို ခဏမျက်နှာလွှဲပြီး လေတစ်ချက်ရှုကြည့်တော့
သေချာတယ်၊ အန္တရာယ် ရနံ့ တစ်ချို့ကို ရလိုက်တယ် . .
ဘုရား ဘုရား
------------------------------ ------------------------------ ----------------------------
ကွန်းဇော် အညာမြေ
https://www.facebook.com/koonzaw.anyarmyay/posts/227991550689023
ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေး ရကတည်းက ပြည်ထောင်စုခွဲထွက်ရေး ပြည်တွင်းစစ်တွေ၊ တိုင်းရင်းသားချင်း မုန်းတီးမှုတွေ၊ ၀ါဒအစွန်းရောက်မှုတွေ၊ နိုင်ငံရေးသမားတွေရဲ့ သစ္စာမရှိမှုတွေ ဟာ တစ်ခါတည်း တွဲပါလာခဲ့တာ။
ပြောရရင်တော့ ကျနော်တို့နိုင်ငံဟာ ပြဿနာပေါင်း သောင်းခြောက်ထောင် နဲ့ စခဲ့ရတယ် ဆိုတာပါ။
ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲ
အဲဒီ ဖုံးဖိထားတဲ့ စစ်တပ်အုပ်ချုပ်ရေး ကို ပြန်ဖယ်ခွာလိုက်မယ်ဆိုရင် မူလ ပြဿနာတွေ ပြန်ပေါ်လာမယ်။
ဖက်ဒရယ် ပြဿနာ၊ အာဏာခွဲဝေမှု ပြဿနာ၊ လူမျိုးစု ပြဿနာ၊ သမိုင်းရန်ကြွေး။ ခင်ဗျားတို့ နိုင်ငံရေးသမားတွေ ရှင်းကြဖို့ အသင့်ပြင်ထားပါ။ အဲဒါတွေက မူလလက်ဟောင်း နိုင်ငံတည်စ ပြဿနာတွေ။
အခုဆိုရင်ကို ဖေ့ဘုတ်ပေါ်မှာကို တိုင်းရင်းသားအချို့တွေရဲ့ ဗမာ မုန်းတီးရေး လှုပ်ရှားမှုတွေ ခပ်စိတ်စိတ်တွေ့လာနေရပြီ။
သူတို့ဟာ ဗမာ ဒီမိုသမားတွေလို စစ်အစိုးရဆိုတာကို အဓိက ဇောင်းတည် တိုက်ခိုက် ထားတာ မဟုတ်ဘူး။ ခုချိန်မှာ ဘယ်လိုမှ ဖြေရှင်းလို့ မဖြစ်နိုင်တော့မယ့် နှစ် ရာဂဏန်းက သမိုင်းရန်ကြွေးတွေကို ပြန်ဆွပြထားကြတယ်။
ပွင့်လင်းလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ တိုင်းရင်းသားအုပ်စုတွေထဲမှာလည်
စစ်တပ်ဟာ အင်အားတောင့်တင်းပြီး ဖြစ်ပေမယ့် လူ့အခွင့်ရေးရေချိန်နဲ့ မီဒီယာ ပျံ့နှံ့မှုနှုန်း မြင့်တက်လာတဲ့ အခုလို ကာလမျိုးမှာ ခွဲထွက်ရေး တိုင်းရင်းသားသူပုန်တွေနဲ့ ရင်ဆိုင်ရတိုင်း အခက်ခဲတစ်ချို့တွေ ရှိလာတယ်။
နိုင်ငံရေးသမားတွေ အခရာ ကျတဲ့ ခေတ်ဟာ သိပ်မကြာခင်ကို ရောက်လာပါလိမ့်မယ်။ ဘယ်လိုနေမလဲ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ ကျနော့်ကတော့ (သာမန်လူဆိုတော့) နေ့ဖို့ ညစာ ရုန်းကန်ရှာဖွေစားရင်း စောင့်ကြည့်နေပါတယ် လို့ပဲ ပြောချင်တယ်။
အခု လတ်တလောမှာ ဖြစ်ပွားခဲ့တဲ့ Islamic vs Non-Islamic များ အဓိကရုဏ်းတွေဟာ အချို့လူတွေ စိုးရိမ်သလို တိုင်းပြည်ကို နောက်ပြန်လှည့်သွားစေမယ့် အန္တရာယ် မရှိဘူး။
ဒါဟာ နိုင်ငံတကာမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရေးခင်းမျိုးသာ ဖြစ်တယ်။ ဒီလို အရေးခင်းမျိုးကနေ တိုင်းပြည်နောက်ပြန်လှည့်သွားခဲ
ဒါပေမယ့် ထုံးစံ ရှိတဲ့ ဟာကြီးတွေ အခု လာနေကြပြီ။
ဗမာအုပ်စုတွေက တော်တော်လေး အဓိက ကျနေတယ်။ အရင်တုန်းက ဗမာချင်းစကွဲရာကနေ တိုင်းရင်းသား များစွာပါ အကွဲ တွေ ဖြစ်လာပြီး ထိန်းမနိုင် သိမ်းမရ ဒုက္ခရောက်ခဲ့ရတယ်။
အရင်တုန်းကတော့ စကွဲတဲ့ ဗမာ အကွဲက ဗကပ နဲ့ ဗကပ မဟုတ်တဲ့ အုပ်စု၊
အခုကွဲနေကြတာက ဘာလဲ . . .
အခု ဖတ်နေတဲ့ သမိုင်းစာအုပ်ကို ခဏမျက်နှာလွှဲပြီး လေတစ်ချက်ရှုကြည့်တော့
သေချာတယ်၊ အန္တရာယ် ရနံ့ တစ်ချို့ကို ရလိုက်တယ် . .
ဘုရား ဘုရား
------------------------------
ကွန်းဇော် အညာမြေ
https://www.facebook.com/koonzaw.anyarmyay/posts/227991550689023
No comments:
Post a Comment