ညီလေး.........
မြန်မာ ( ချီယင်၊ မန်ကျောင်၊ မန်၊ ၀ိုင်အမ်ယူ) ဆိုတာ
မြင်းမွေးတဲ့သူတွေ။
ြ့မင်းစီးကျွမ်းကျင်သလို စစ်ထိုးလဲ ကျွမ်းကျင်ခဲ့။
ငါတို့ အဘိုးအဘေးတွေ။
သူတို့တွေ အခါခါ အနှိမ်ခံခဲ့ရ။
သူတို့တွေ အခါခါ လဲကျ။
သူတို့တွေ အခါပြန်ထခဲ့ကြရတယ်။
သူတို့တွေ အခါခါ ပြန်တည်ဆောက်ခဲ့ကြရတယ်။
ညီလေး
မင်းနိုင်ငံ၊ မင်းလူမျိုး၊
မင့် အဘိုးဘေးတွေအတွက် ဂုဏ်ယူလိုက်စမ်းပါ။
ဟောဒီကမ္ဘာမြေတစ်လွှား
အင်ပါယာတွေနဲ့ ၀င့်ကြွားနိုင်ခဲ့တဲ့လူမျို
အံ့သြစရာ . . သူတို့တွေ အင်ပါယာတွေ စုစည်းနိုင်ခဲ့ကြတယ်။
မြင်ယောင်ကြည့်စမ်း ညီလေး
အနောက် မဏိပူရ၊ အာသံကနေ
ဟိုး အရှေ့ဇင်းမယ်၊ ယိုးဒယားမြေတလွှား
စစ်မြင်းခွာသံ၊ ဒေါင်းအလံ တံခွန် ရထားတွေနဲ့
ဝင့်ကြွားခဲ့ကြတဲ့ ငါတို့ဘိုးဘွားတွေ
လူဦးရေ နည်းနည်းလေးနဲ့ မြင်းမွေးတဲ့ မြန်မာတွေ။
ဒီနေ့
မြန်မာဟာ ဗမာ တစ်ဖြစ်လဲ
အင်ဒိုချိုင်းနားကျွန်းဆွယ်
ဒဏ်ရာတွေနဲ့ ကျားနာ တဖြစ်လဲ။
စိတ်မပျက်နဲ့ ညီလေး။
မင်းအိမ်ထဲက ထွက်လိုက်တာနဲ့
ဗမာ ဆိုတဲ့လူမျိုးအမည်ဟာ
အားလုံးအတွက် အပျင်းပြေ ဆဲစရာ စကားလုံးတစ်ခုအဖြစ်နဲ့ တွေ့တောင်မှ။
စိတ်မပျက်နဲ့ ညီလေး။
ငါတို့ ဘိုးဘွှားတွေရဲ့ ယဉ်ကျေးမှု၊ ငါတို့ဘိုးဘွားတွေရဲ့ တိုင်းပြည်မြို့ပြတွေ
အခါခါ ဖျက်စီးခံခဲ့ရာကနေ ပြန်ထနိုင်ခဲ့ကြတယ်။
မင်းမြင်နေရတဲ့ ငါတို့မျိုးနွယ်တွေရဲ့ဘဝ
ဒဏ်ရာတွေဗရပွနဲ့ လဲကျနေရင်တောင်
မြန်မာ ဆိုတဲ့ ညာသံပေးရင်း
ငါတို့ ပြန်ထနိုင်ရမယ်။
စိတ်မပျက်နဲ့ ညီလေး
မြင်းမွေးတဲ့ ငါတို့အဘိုးဘေးတွေ
အိမ်တွေမှာ ဒေါင်းသိုက်တွေနဲ့
တရုပ်ပြည်ရဲ့ ကုန်းပြင်မြင့်၊ နောက် တိဗက်မြေတလွှားကနေ
ဧရာရဲ့ မြစ်ကမ်းပါးတွေထိ . . .
ခရီးကြမ်းတွေနှင်ရင်း မြန်မာ ဆိုတဲ့ သွေးနဲ့ ဒေါင်းတွေကို ယူဆောင်လာခဲ့ကြ။
အင်ပါယာအဆက်ဆက်ရဲ့ အောင်ပွဲတွေမှာ ဒေါင်းအလံတွေ တလူလူလွင့်လို့။
လဲကျရာက ပြန်ထတဲ့အခါတိုင်း ဒေါင်းအလံတွေ တစ်လူလူတွေလွင့်လို့။
သိထားပါညီလေး။
ဒေါင်းအလံဟာ ငါတို့ မြန်မာ အမျိုးသားတွေရဲ့အလံ။
ငါကတော့ ငါတို့အဘိုးဘွားတွေ
ဒေါင်းတွေနဲ့ အတူနေခဲ့ကြတဲ့ နေရာ ကို မြင်ယောင်မိရဲ့။
ဒီအလံ ဒီအမှတ်တံဆိပ်ဟာ
ငါတို့အဘိုးအဘွားတွေရဲ့ သွေးအဆက်ဆက်နဲ့ ရေးထားခဲ့တဲ့ အမှတ်သား။
မြန်မာဆိုတဲ့ သွေးလည်ပတ်နေသူမှ
ဒီအလံ၊ ဒီအမှတ်သားကို ထိတွေ့လို့ရမယ်။
မြန်မာဆိုတဲ့ သွေးလည်ပတ်နေမှ
ဒီအလံ နဲ့ ငါတို့ ပြန်ထ လို့ရမယ်။
မြန်မာဆိုတဲ့ သွေး လည်ပတ်မနေသူတွေ
ဒီအလံကို ရှေ့ဆုံးက ကိုင်မြှောက်နေကြရင်
မင်းသိတော့ ညီလေး
မင်းသတိထားတော့ ညီလေး
မင်းပြင်ဖို့ကြိုးစားတော့ ညီလေး
အဲ ဒါ
ငါ တို့ လူ မျိုး ထာ ၀ ရ ပျက် သုဉ်း မယ့် နိ မိတ် ပဲ။ ။
ကွန်းဇော် အညာမြေ
https://www.facebook.com/photo.php?fbid=237723159715862&set=pb.100004345385536.-2207520000.1382089202.&type=3&src=https%3A%2F%2Ffbcdn-sphotos-h-a.akamaihd.net%2Fhphotos-ak-frc3%2F1376487_237723159715862_1267605071_n.jpg&size=600%2C400
No comments:
Post a Comment