တေမိ၊ မင်းတုန်းမင်း၊ ဝေသန္တရာ နှင့် ဒေါ်အောင်ဆန်းစုကြည်
************************** *************
မြတ်စွာဘုရားအလောင်းတော် တေမိမင်းသားဟာ ပုခက်ထဲအရွယ်မှာကတည်းက အရင်ရှေးဘ၀ဟောင်းကို ပြန်မြင်နိုင်တဲ့ ဇာတိဿရ ညဏ် ရခဲ့တယ်လို့ ဆိုပါတယ်။
သူ အရင် ဘ၀တစ်ခုမှာ ရှင် ဘုရင် ဖြစ်ခဲ့တယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတဲ့ ရှင်ဘုရင် ဖြစ်လေတော့ တိုင်းပြည် အန္တရာယ် ရန်စွယ်များကို နှိမ်နင်းခြင်း၊ အပြစ်ဒဏ်ပေးခြင်း၊ ကျူးကျော်မှု ဘေးရန်များကို ကာကွယ်ခြင်း စသည်တို့ကို တိုင်းသူပြည်သား အများအတွက် မပြု မဖြစ် ပြုရပါတယ်။ မည်သို့ပင်ဆိုစေကာမူ၊ အများအတွက်ပင် ဆိုစေကာမူ၊ ဒါတွေဟာ ငါးပါးသီလကို ဖောက်ချိုးရတဲ့ အကုသိုလ်ကံတွေဖြစ်ပါတယ်။
ဒီလိုကံတွေ ကျူးလွန်ခဲ့ရတဲ့အတွက် အပါယ်ငရဲကို ကျခဲ့ရတယ် ဆိုတာ တေမိမင်းသားငယ်လေးဟာ ပုခက်တွင်းအရွယ်မှာ သိမြင်ခဲ့ပါတယ်။
ဒီအတွက် သူဟာ မင်းဖြစ်မှာ အင်မတန်ကြောက်ရွံ့ပြီး ဆွံ့အချင်ယောင် ဆောင်လိုက်ပါတော့တယ်။ အကောင်းမှန်းသိရင် သူ မင်းဖြစ်မှာ။ မင်းဖြစ်ရင် ဒီလို အကုသိုလ်ကံတွေက ရှောင်လွဲဖို့ မလွယ်တော့ဘူးဆိုတာ မြတ်စွာဘုရားအလောင်းတော် သိမြင်ခဲ့ပါတယ်။
မင်းတုန်းမင်းကြီးကတော့ ရှင်ဘုရင် အဖြစ် ဘိသိတ်တော်သွန်းခံရင်း သစ္စာဆိုရတဲ့အထဲမှာ တိုင်းသူပြည်သားမှန်သမျှတို့ အား
သွေး မထွက်စေဘဲ မေတ္တာဖြင့်သာ အုပ်ချုပ်မင်းလုပ်ပါမည် လို့ အဓိပ္ပါယ်ရတဲ့
သစ္စာ ဆိုချက်ကို ထည့်မဆိုပဲ ငြင်းဆန်ခဲ့တယ် လို့ ဖတ်ဖူးမှတ်ဖူးပါတယ်။
သူ့အကြောင်းပြချက်ကတော့ သွေးမထွက်စေဘဲနဲ့ ငါ့တိုင်းပြည်ကို ငါ
ဘယ်လိုထိန်းမလဲတဲ့။
ဒီနေ့ထိတော့လဲ ဒါက မှန်နေတုန်းပါပဲ။
ဝေသန္တရာ မင်းကြီးကတော့ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတဲ့ ဆင်ဖြူတော်ကြီး ပစ္စယကို ကလိင်္ဂ တိုင်းသားတွေအား လူသားချင်း စာနာထောက်ထားမှုနဲ့ လှူဒါန်း ပေးကမ်းပစ်လိုက်တဲ့အတွက် တိုင်းပြည်က အမျက်ရှပြီး မြိုင်ရပ်နှင်ခံ ခဲ့ရဖူးပါတယ်။
ဒီမှာ ကျနော် ကောက်ချက်ချ ပြောပြချင်တာက ရာဇနဲ့ ဗြဟ္မဏ ပါ။
ရာဇ ဆိုတာ မင်း (သမ္မတ)၊ ဗြဟ္မဏ ဆိုတာ သူတော်စင် လို့ လွယ်လွယ်မှတ်ထားကြပါစို့။
မင်း သမ္မတ အဖြစ်နဲ့ သူတော်စင် ဗြဟ္မဏ အဖြစ်ဟာ အတူယှဉ်တွဲ တည်ရှိဖို့ မလွယ်ကူပါဘူး။ မြတ်စွာဘုရား အလောင်းတော်တောင်မှ ဘ၀ တိုင်း မလုပ်နိုင်ပါဘူး။
မင်း သမ္မတ ဟာ ကိုယ့်တိုင်းသူ ပြည်သားတို့ဘေးအန္တရာယ်က ကာကွယ်စေဖို့အတွက် လိုအပ်လာရင် ငါးပါး သီလလဲ ချိုးဖောက်ရဲရပါတယ်။ လက်ကိုလဲ သွေးစွန်းရဲရပါတယ်။ ဒါမှသာ တိုင်းသူ ပြည်သား တို့ဘ၀သာယာ အေးချမ်းမှုကို ရှေးရှုနိုင်မှာဖြစ်ပါတယ်။
သူတော်စင်ကတော့ ကိုယ်ကျင့် သီလတရားသာလျှင် သူတန်ဖိုးအထားဆုံး ဖြစ်ပါတယ်။ သီလ တရားသာလျှင် သူ့ဘ၀ ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလတရားနဲ့ ဘာကိုမှ မလဲနိုင်ပါဘူး။
ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးဖို့ စိုးရွံနေခြင်း အကြောင်းရင်းကတော့ သူဟာ ပညာရှိမဟုတ်ဘူး၊ သူ့ ကိုယ့်ကျင့် သီလ မကောင်းဘူးလို့ ထင်မြင်ယူဆမိလို့ မဟုတ်ပါ။
သူ့ကိုယ်ကျင့် သီလ ကောင်းလွန်းနေတယ်လို့ ထင်မြင်ယူဆမိလို့ ဖြစ်ပါတယ်။ အလောင်းလျာ တစ်ပါးနီးနီး ကိုယ်ကျင့် သီလကောင်းလွန်းနေပါတယ်။
သူ့ကိုယ်ကျင့်သီလနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် ယှဉ်လာလျင်တောင် သူဟာ သူ့ရဲ့ ကိုယ်ကျင့်သီလတရားကို စွန့်လွှတ်မည့်သူ မဟုတ်ပါ။ ယနေ့ဘင်္ဂါလီ ကိစ္စတွေဟာ သက်သေပါပဲ။
ဝေသန္တရာမင်းကြီးကိုတော့ ဘုရားအဖြစ် ပါရမီ ပြည့်စေဖို့ ဇာလီ၊ ကဏှာစိန် တို့ မောင်နှမ၊ မဒ္ဒိဒေ၀ီ မိဖုရားတို့က အရိုက်ခံ အနှက်ခံ သူများ ကျွန် အဖြစ်ခံ ပါရမီ ဖြည့်ပေးခဲ့ကြပါတယ်။ လေးစားဂုဏ်ယူစရာပါ။
ဒါပေမယ့် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရမီကို အရိုက်ခံ၊ အနှက်ခံ ကျွန် အဖြစ်ခံပြီး ဖြည့်ဆည်းပေးနိုင်ဖို့ ဘာအလောင်းလျာမှ မဟုတ်သေးတဲ့ သာမန်လူသားတစ်ယောက်အနေနဲ့ တွန့်ဆုတ်နေမိပါတယ်။
မတွန့်ဆုတ်ပဲ အမေစုနောက်ကနေ ပါရမီ ဖြည့်ပေးမည့်သူများကိုလေးစားမိပေမယ့် ကျနော်ကတော့ သူတို့ထဲ မပါနိုင်သမို့ သူ့အား အားပေးထောက်ခံမှုကို နောက်ဆုတ်ခဲ့ရခြင်း ဖြစ်ပါတယ်။
ကျနော့်အမြင်ကတော့ ဒေါ်စုမှာ ရာဇ သမ္မတ စိတ်ဓာတ်မျိုးထက် သူတော်စင် ဗြဟ္မဏ စိတ်ဓါတ်တို့ကသာ ကဲနေပါတယ်။
ပါရမီ မဖြည့်ပေးနိုင်သော သာမန်လူသား ကျနော့်ကို ခွင့်လွှတ်ကြပါ။
အမေစု ဟု ခေါ်ဆိုကာ အစဉ်တစိုက် ပါရမီ ဖြည့်ပေးနိုင်သူများကိုလည်း လေးစားဂုဏ်ယူလျှက် . .
ကွန်းဇော် အညာမြေ
**************************
မြတ်စွာဘုရားအလောင်းတော် တေမိမင်းသားဟာ ပုခက်ထဲအရွယ်မှာကတည်းက အရင်ရှေးဘ၀ဟောင်းကို ပြန်မြင်နိုင်တဲ့ ဇာတိဿရ ညဏ် ရခဲ့တယ်လို့ ဆိုပါတယ်။
သူ အရင် ဘ၀တစ်ခုမှာ ရှင် ဘုရင် ဖြစ်ခဲ့တယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတဲ့ ရှင်ဘုရင် ဖြစ်လေတော့ တိုင်းပြည် အန္တရာယ် ရန်စွယ်များကို နှိမ်နင်းခြင်း၊ အပြစ်ဒဏ်ပေးခြင်း၊ ကျူးကျော်မှု ဘေးရန်များကို ကာကွယ်ခြင်း စသည်တို့ကို တိုင်းသူပြည်သား အများအတွက် မပြု မဖြစ် ပြုရပါတယ်။ မည်သို့ပင်ဆိုစေကာမူ၊ အများအတွက်ပင် ဆိုစေကာမူ၊ ဒါတွေဟာ ငါးပါးသီလကို ဖောက်ချိုးရတဲ့ အကုသိုလ်ကံတွေဖြစ်ပါတယ်။
ဒီလိုကံတွေ ကျူးလွန်ခဲ့ရတဲ့အတွက် အပါယ်ငရဲကို ကျခဲ့ရတယ် ဆိုတာ တေမိမင်းသားငယ်လေးဟာ ပုခက်တွင်းအရွယ်မှာ သိမြင်ခဲ့ပါတယ်။
ဒီအတွက် သူဟာ မင်းဖြစ်မှာ အင်မတန်ကြောက်ရွံ့ပြီး ဆွံ့အချင်ယောင် ဆောင်လိုက်ပါတော့တယ်။ အကောင်းမှန်းသိရင် သူ မင်းဖြစ်မှာ။ မင်းဖြစ်ရင် ဒီလို အကုသိုလ်ကံတွေက ရှောင်လွဲဖို့ မလွယ်တော့ဘူးဆိုတာ မြတ်စွာဘုရားအလောင်းတော် သိမြင်ခဲ့ပါတယ်။
မင်းတုန်းမင်းကြီးကတော့ ရှင်ဘုရင် အဖြစ် ဘိသိတ်တော်သွန်းခံရင်း သစ္စာဆိုရတဲ့အထဲမှာ တိုင်းသူပြည်သားမှန်သမျှတို
ဒီနေ့ထိတော့လဲ ဒါက မှန်နေတုန်းပါပဲ။
ဝေသန္တရာ မင်းကြီးကတော့ တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတဲ့ ဆင်ဖြူတော်ကြီး ပစ္စယကို ကလိင်္ဂ တိုင်းသားတွေအား လူသားချင်း စာနာထောက်ထားမှုနဲ့ လှူဒါန်း ပေးကမ်းပစ်လိုက်တဲ့အတွက် တိုင်းပြည်က အမျက်ရှပြီး မြိုင်ရပ်နှင်ခံ ခဲ့ရဖူးပါတယ်။
ဒီမှာ ကျနော် ကောက်ချက်ချ ပြောပြချင်တာက ရာဇနဲ့ ဗြဟ္မဏ ပါ။
ရာဇ ဆိုတာ မင်း (သမ္မတ)၊ ဗြဟ္မဏ ဆိုတာ သူတော်စင် လို့ လွယ်လွယ်မှတ်ထားကြပါစို့။
မင်း သမ္မတ အဖြစ်နဲ့ သူတော်စင် ဗြဟ္မဏ အဖြစ်ဟာ အတူယှဉ်တွဲ တည်ရှိဖို့ မလွယ်ကူပါဘူး။ မြတ်စွာဘုရား အလောင်းတော်တောင်မှ ဘ၀ တိုင်း မလုပ်နိုင်ပါဘူး။
မင်း သမ္မတ ဟာ ကိုယ့်တိုင်းသူ ပြည်သားတို့ဘေးအန္တရာယ်က ကာကွယ်စေဖို့အတွက် လိုအပ်လာရင် ငါးပါး သီလလဲ ချိုးဖောက်ရဲရပါတယ်။ လက်ကိုလဲ သွေးစွန်းရဲရပါတယ်။ ဒါမှသာ တိုင်းသူ ပြည်သား တို့ဘ၀သာယာ အေးချမ်းမှုကို ရှေးရှုနိုင်မှာဖြစ်ပါတယ်။
သူတော်စင်ကတော့ ကိုယ်ကျင့် သီလတရားသာလျှင် သူတန်ဖိုးအထားဆုံး ဖြစ်ပါတယ်။ သီလ တရားသာလျှင် သူ့ဘ၀ ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလတရားနဲ့ ဘာကိုမှ မလဲနိုင်ပါဘူး။
ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးဖို့ စိုးရွံနေခြင်း အကြောင်းရင်းကတော့ သူဟာ ပညာရှိမဟုတ်ဘူး၊ သူ့ ကိုယ့်ကျင့် သီလ မကောင်းဘူးလို့ ထင်မြင်ယူဆမိလို့ မဟုတ်ပါ။
သူ့ကိုယ်ကျင့် သီလ ကောင်းလွန်းနေတယ်လို့ ထင်မြင်ယူဆမိလို့ ဖြစ်ပါတယ်။ အလောင်းလျာ တစ်ပါးနီးနီး ကိုယ်ကျင့် သီလကောင်းလွန်းနေပါတယ်။
သူ့ကိုယ်ကျင့်သီလနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် ယှဉ်လာလျင်တောင် သူဟာ သူ့ရဲ့ ကိုယ်ကျင့်သီလတရားကို စွန့်လွှတ်မည့်သူ မဟုတ်ပါ။ ယနေ့ဘင်္ဂါလီ ကိစ္စတွေဟာ သက်သေပါပဲ။
ဝေသန္တရာမင်းကြီးကိုတော့ ဘုရားအဖြစ် ပါရမီ ပြည့်စေဖို့ ဇာလီ၊ ကဏှာစိန် တို့ မောင်နှမ၊ မဒ္ဒိဒေ၀ီ မိဖုရားတို့က အရိုက်ခံ အနှက်ခံ သူများ ကျွန် အဖြစ်ခံ ပါရမီ ဖြည့်ပေးခဲ့ကြပါတယ်။ လေးစားဂုဏ်ယူစရာပါ။
ဒါပေမယ့် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရမီကို အရိုက်ခံ၊ အနှက်ခံ ကျွန် အဖြစ်ခံပြီး ဖြည့်ဆည်းပေးနိုင်ဖို့ ဘာအလောင်းလျာမှ မဟုတ်သေးတဲ့ သာမန်လူသားတစ်ယောက်အနေနဲ့ တွန့်ဆုတ်နေမိပါတယ်။
မတွန့်ဆုတ်ပဲ အမေစုနောက်ကနေ ပါရမီ ဖြည့်ပေးမည့်သူများကိုလေးစာ
ကျနော့်အမြင်ကတော့ ဒေါ်စုမှာ ရာဇ သမ္မတ စိတ်ဓာတ်မျိုးထက် သူတော်စင် ဗြဟ္မဏ စိတ်ဓါတ်တို့ကသာ ကဲနေပါတယ်။
ပါရမီ မဖြည့်ပေးနိုင်သော သာမန်လူသား ကျနော့်ကို ခွင့်လွှတ်ကြပါ။
အမေစု ဟု ခေါ်ဆိုကာ အစဉ်တစိုက် ပါရမီ ဖြည့်ပေးနိုင်သူများကိုလည်း
ကွန်းဇော် အညာမြေ
https://www.facebook.com/photo.php?fbid=195068977314614&set=pb.100004345385536.-2207520000.1382090162.&type=3&src=https%3A%2F%2Ffbcdn-sphotos-c-a.akamaihd.net%2Fhphotos-ak-prn2%2F984263_195068977314614_2141065658_n.jpg&size=705%2C345
No comments:
Post a Comment