Friday, October 18, 2013

ကြက်သားလေး တစ်ဖတ်


ကြက်သားလေး တစ်ဖတ်
****************
ဒီနေ့ ကျနော်တို့ရဲ့ ထန်းရေ၀ိုင်းကလေးက တမျိုးတဖုံထူးခြားလျှက် ရှိနေပါသည်။
ပြောနေတဲ့ စကားသံတွေကလည်း ခါတိုင်းနဲ့ သိပ်မတူ။

တခြား ဟုတ်ရိုးလား။ မျက်နှာသစ် ဧည့်သည်တော်တွေ ရောက်နေဟာမင့်ကိုး။

ဒါပေမယ့် ဧည့်သည်နှင့် အိမ်သည်ကလည်း သေချာကြည့်မှသာ ကွဲသည်။ အားလုံးက အပေါ်ပိုင်းဗလာ တွေနှင့် ချွေးတစ်လုံးလုံးနှင့် ဖြစ်ကုန်ပြီ။
ရိုတ လို စက်ဆီ ကျ ချင်လို့တော့မဟုတ်။ ထန်းရေ သဘာဝကိုက မူးလာလျှင် အင်္ကျီချွတ်ပစ်ချင်တာလိုလို၊ ခါးတောင်းကြိုက်ချင်တာလိုလို ဖြစ်တတ်သောကြောင့်။

ထန်းရေမူး ကျွဲခိုးပေါ်ဆိုသော စကားရှိသည်နှင့် အညီ နဲနဲ ရေချိန်မြင့်လာသည်နှင့်အမျှ စကားဝိုင်းက သွက်လာသည်။

နောက်ဆုံးတော့ ထုံးစံအတိုင်း မြန်မာ့အရေး ကမ္ဘာ့အရေးတွေ ငြင်းခုံကြပါတော့သည်။

ကျွန်ုပ်သည် လမ်းတွေ့သော ခွေးကိုပင် နဲနဲလေး ထူးခြားသည်ဟု ထင်မိလျှင် ဓာတ်ပုံရိုက်၍ ဖေ့ဘုတ်တင်သော အလေ့ ရှိသူဖြစ်သည့် အားလျှော်စွာ ကျွန်ုပ်တို့၏ စကားဝိုင်းမှ ပြောခဲ့၊ ငြင်းခဲ့သည်များကို မျိုသိပ်မထားနိုင်ပဲ ဖေ့ဘုတ်ပေါ်သို့ တင်မိပါတော့သတည်း။

ူ---- ----- -- ----- ---- --- ---
သူငယ်ချင်း (၁) ။ ။

ဒီခွေးတွေက ခွေးပါးတွေဗျ...ဒေါ်လာစားတယ်...။ကုလားကြိုက်လိုက်တယ်...။ကုလားကြိုက်လဲ ကိုက်တယ်..။ ကုလား အရေးကိုပဲ လုပ်တယ် ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ ဘယ်တုန်းကမှ မရှိတာကို မြန်မာပြည်အတွင်းမှာ အသက်သွင်းဖို့ သူတို့ ကြိုးစားနေကြတဲ့ လူလိမ်တွေပေါ့..။

မနေ့ တစ်တနေ့ ကမှ ပေါ်လာတဲ့ လူ့ အခွင့်အရေးဆိုတာကို ဗန်းပြတယ်.

ကျုပ်တို့  သမ္မတအင်္ဂလန် လာလဲ ဟောင်တယ်....ကျုပ်တို့  အမေစု လာလဲ ဟောင်တယ်..အဲတော့ ခွေးကြောင့် လူတော့ ထိခိုက်မခံသင့်ဘူးလို့  ထင်တယ်...
 
---- ----- -- ----- ---- --- ---
သူငယ်ချင်း (၂) ။ ။
ဟေ့ကောင် မင်းမူးတာ သေချာပြီ။

---- ----- -- ----- ---- --- ---

သူငယ်ချင်း (၃) ။ ။ ဟုတ်တယ် ထောက်ခံတယ် ဟု ပြောရင်း လက်ကျန် ကြက်သားဖတ်ကို ခပ်မြန်မြန်ကလေး တူနှင့်ညှပ်ယူပီး ပါးစပ် ထဲ ထည့်လိုက်လေသည်။
---- ----- -- ----- ---- --- ---

သူငယ်ချင်း (၄) ။ ။
ခွေးတွေ အူ နေတာကို သိပါလျှက်နဲ့ ဘာလို့ ပြည်တွင်းက တချို့ နိုင်ငံရေးသမား ကြီးကြီးငယ်ငယ် ကိုလစ်ဗျယ်တွေက ရောယောင် လိုက်အူပေးနေရတာလဲ။ ကိုယ့်လူကိုယ်က သူ့ဘက်သားဖြစ်နေတော့ သိပ်ခက်တယ်ဗျာ။
---- ----- -- ----- ---- --- ---

ကျနော်တို့ ထိုသို့ ပြောကြဆိုကြသောအခါ မြေကြီးပေါ်တွင် တုံးလုံးလှဲလျှက် ထန်းရေတမြမြဖြင့် နဂါးမင်း စည်းစိမ်ကို ခံစားလျှက်ရှိသည့်ကိုဂျီးကြိုင်သည် မနေနိုင်ပဲ လဲလျောင်းနေရာမှ ထထိုင်လိုက်ပါတော့သည်။ သူသည် အောက်ပြည်အောက်ရွာတွင် ပျော်မွေ့နေရာမှ အညာသို့ ထန်းရေသောက် ပြန်လာသူ ဖြစ်သည်။

ကိုဂျီးကြိုင် ။ ။ ရွာသားတွေ ဒါကြောင့်မို့လဲ မင်းတို့ ထန်းရေသောက်နေကြရတာပဲ။
---- ----- -- ----- ---- --- ---

ကျွန်ုပ် ။ ။ ဟာ . . . ဘာဆိုင်လို့လဲဂျ။ ခင်ညားကြီး နှိမ်ချင်တာလား။ ခွဲခြား ဆက်ဆံချင်တာလား။ ဒါလူ့အခွင့်ရေး နဲ့ မညီဘူးနော်။
 
---- ----- -- ----- ---- --- ---
ကိုဂျီးကြိုင်သည် အနည်းငယ်မျှ ပြုံးလိုက်ပီးနောက် ထန်းရေတခွက်ကို ခပ်ယူပီး ဆတ်ခနဲ့ မော့ သောက်လိုက်သည်။ ထို့နောက် လက်ကျန် ကြက်သားဖတ်ကလေးများကို တူဖြင့် ခပ်မြန်မြန် ညှပ်ယူ၍ ပါးစပ်ထဲတွင် မြုံ့ရင်း

ကိုဂျီးကြိုင် ။ ။
မင်းတို့ အမျိုးသားရေး သမားတွေက မင်းတို့ အခုအပြစ်တင်နေတဲ့ နိုင်ငံရေးသမားဆိုသူတွေကို ဟောဒီလို ကြက်သားလေး တစ်ဖတ်တောင် သွားကျွေးဖူးလား။

ူ---- ----- -- ----- ---- --- ---
ကျွန်ုပ်။ ။ မကျွေးဖူးဘူးလေ။ အဲဒါနဲ့ ဘာဆိုင်လို့လဲ။
ူ---- ----- -- ----- ---- --- ---

ကိုဂျီးကြိုင် ။ ။

ဆိုင်ပါသော်ကောကွာ။
ကုလားဘက် ပင်းတယ်လို့ မင်းတို့ပြောနေတဲ့
နိုင်ငံရေးသမားအများစုရဲ့ နောက်ခံမိသားစုမှာ
စီးပွားရေးကျောထောက်နောက်ခံ ဘာမှ မရှိရှာဘူး။
နိုင်ငံရေးလုပ်တယ်ဆိုတာ မင်းတို့ လူထုက ဘယ်လောက်ထောက်ခံပါတယ်ပြောပြော ပိုက်ဆံ မရှိဘဲ လုပ်မရဘူးဟ။ ဘာကွန်ယက်၊ ညာကွန်ယက်တွေ ဆိုတာကလည်း ပိုက်ဆံ အင်မတန်ကုန်သပေါ့ကွာ။
ဒီတော့ သူတို့နိုင်ငံရေးလုပ်ငန်းတွေ ဆက်လည်ပတ်နိုင်ဖို့ စပွန်ဆာ ယူကြရတယ်။

စပွန်ဆာအများစုကို ဘယ်ကောင်တွေက ပေးနေလဲ ဆိုတာ နဲနဲလေး လေ့လာကြည့်ရင်ကို တွေ့ပါလိမ့်မယ်။

ဒီတော့ကွာသိက္ခာ အတန်အသင့်ရှိတဲ့ နိုင်ငံရေးသမားတွေကတော့ သူတို့ဘက်ပေါ်တင်ကြီး မပင်းတောင် မျက်နှာတော့ နာသွားပီလေ။

အစကတည်းက သိက္ခာ သိပ်မရှိတဲ့ကောင်တွေကတော့ ပြောကိုမနေနဲ့။ ပေါ်တင်ကို ပင်းပေးတော့တာပေါ့။

မီဒီယာလောကမှာလည်း နေရာတွေ ရအောင်ယူထားတယ်။ မြန်မာမီဒီယာမှာတော့ နဲနဲပါးပါး လက်စလက်န ရှိတဲ့ကောင်တွေ ကို ထည့်ပေးထားတယ်။ အဓိကကတော့ နိုင်ငံတကာ မီဒီယာကို အားစိုက်လုပ်ထားတယ်လေ။ နောက်က ရန်ပုံငွေ တောင့်တာလဲ ပါတာပေါ့။

ဒီတော့ မင်းတို့ကောင်တွေ သူတို့ကို အပြစ်တင်မယ့်အစား ဟောဒီကြက်သားဖတ်ကလေးကို သူတို့ကို သွားကျွေးနိုင်ဖို့ပဲ စဉ်းစားသင့်တယ်။ အဲဒါက ပိုလက်တွေ့ကျမယ်။

--------- ----------- ------- -------- ------------

ကိုဂျီးကြိုင်သည် အမြည်းပန်းကန်ထဲမှ နောက်ဆုံးကျန်ရှိသော ကြက်သားဖတ်ကလေးအား ကျွန်ုပ်တို့ မျက်နှာရှေ့တွင်မြှောက်ပြရင်း အထက်ပါကဲ့သို့ ပြောဆိုလိုက်လေသည်။

ထို့နောက် မစားပဲ လွှင့်ယမ်းလိုက်လေရာ မလှမ်းမကမ်းတွင် ၀ပ်နေသော နက်ကျော် မှ ၀ုန်းခနဲ ခုန်ထပြီး ဖုန်အလိမ်းလိမ်းဖြစ်နေသော ထိုကြက်သားဖတ်ကလေးအား မြိန်ရေယှက်ရေ ၀ါးစားလျှက်ရှိပါတော့သတည်း။


ကွန်းဇော် အညာမြေ
 
https://www.facebook.com/photo.php?fbid=209733415848170&set=pb.100004345385536.-2207520000.1382089258.&type=3&src=https%3A%2F%2Ffbcdn-sphotos-a-a.akamaihd.net%2Fhphotos-ak-prn1%2F69017_209733415848170_1971835762_n.jpg&size=417%2C278

No comments:

Post a Comment